ဖတ်လို့ကောင်းတဲ့မေတ္တာ

Thursday, October 29, 2009

ချစ်သူက တနေ့နှင်းဆီတဖူးပန်တယ်
ကျနော်က တနေ့ စီးကရက်တဗူးသောက်တယ်
ကျနော်တို့ရဲ့ စုဗူးတွေ အသံတိတ်သွားတဲ့နေ့မှာ
အမေ့ ပိုက်ဆံအိတ် ခြေရာလက်ရာပျက်ခဲ့ရတာပါ ။

အမေက ကျနော့်လက်ချက်မှန်း သိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ့်အရည်အချင်းကို စော်ကား သလိုပါပဲဗျာ
အဲ့ဒါနဲ့ . . . . .
ကျနော် စီးကရက်ဖြတ်ပြီး နှင်းဆီစိုက်ဖို့လုပ်တယ်
ချစ်သူက နှင်းဆီအစား ဘဝတခုပဲ ပန်တော့မယ်လို့ပြောတယ်
ကျနော့်ဘဝကို ရဲရဲကြီးစိုက်ချပေးလိုက်တယ်


အဲ့ဒါတောင် အမေ့ပိုက်ဆံအိတ် ပွင့်နေတုန်းပဲ ။ ။



သုအိုင်စံ


( သိုးထိန်း မှ မျှဝေပါသည် )

4 comments

Anonymous said...

ကြိုက်တယ်...မျှဝေ ပေးတာ ကျေးဇူး....

mie nge

October 29, 2009 9:40 PM
tin min htet said...

အမေ့ ပိုက်ဆံအိတ်ကို အားနာလို့လား၊ ချစ်သူက ဖြတ်ခိုင်းလို့လား၊ ဆေးလိပ်ပြတ်သွားတာက :)

October 29, 2009 10:03 PM

ဝေမျှတာ ကျေးဇူးပါ။

October 31, 2009 5:15 PM

ကောင်းလိုက်တာ..လိုရင်းကို နိမိတ်ပုံလေးနဲ့ပဲ ပြောသွားတယ်..
မိဘမေတ္တာရယ် ၁၅၀၀ ရယ်...။

November 2, 2009 8:48 PM

Post a Comment

အဝေးရောက်ပင်လယ် ဆိုတဲ့ ဘလော့ကို ကဗျာ ၊ စာပေ ၊ အနုပညာ ဆိုတဲ့
ဦးတည်ချက်တွေနဲ့ ပြုလုပ်ဖန်တီး တင်ဆက်လိုက်ပါတယ် ....။